မှော်ကျောင်းတော်အကြောင်း
×××××××××××××××××××××××××××××××××××××××××××××××××
မြန်မာနိုင်ငံ၏ပထမဆုံးမှော်ပညာကျောင်းတော်ဖြစ်သော KAMမှော်ကျောင်းတော်ကို Master Kamawna မှ ၂ဝ၁၃ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။
×××××××××××××××××××××××××××××××××××××××××××××××××
မြန်မာနိုင်ငံ၏ပထမဆုံးမှော်ပညာကျောင်းတော်ဖြစ်သော KAMမှော်ကျောင်းတော်ကို Master Kamawna မှ ၂ဝ၁၃ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။
မှော်ကျောင်းတော်တွင် မိုင်ယန်လချင်းပညာရပ်များနှင့် စကြဝဠာဗေဒအတွက် ဆရာကာရှိုင်း၊
ဒေဝတာဗေဒဘာသာရပ်အတွက် ဆရာRick Winter ၊ ကြားခံနယ်မှော်အတတ်ပညာအတွက်ဆရာရှန်တီနှင့် အခြားပညာရပ်များအတွက် Master Kamawna ကိုယ်တိုင်
သင်ခန်းစာများကို တာဝန်ယူပို့ချကြပါသည်။
သင်ခန်းစာများကို တာဝန်ယူပို့ချကြပါသည်။
ကျောင်း၏ ရည်ရွယ်ချက်မှာ
-----------------------------------------
(၁) မှော်အတတ်ပညာလေ့လာလိုက်စားသူများ မိမိအားသာရာကို စူးစိုက်စွာလေ့လာသင်ကြားနိုင်ရန်နှင့်
အခြားပညာရပ်များအတွက် အသိပညာများရရှိစေရန်။
အခြားပညာရပ်များအတွက် အသိပညာများရရှိစေရန်။
(၂) လေ့လာလိုက်စားကြသူများ မှားယွင်းသောလမ်းကြောင်းများသို့မရောက်ရှိစေဘဲ မှန်ကန်သောလမ်းကြောင်းတွင် မိမိကိုယ်ကိုမထိခိုက်စေဘဲ တည့်မတ်စွာသင်ကြားနိုင်ကြစေရန်။
(၃) ကျောင်းတော်သားများ မိမိတို့တတ်ကျွမ်းထားသောပညာရပ်များဖြင့် အမှန်တကယ်လိုအပ်သူများကို ကူညီပေးနိုင်ကြစေရန်။
(၄) သိပ္ပံပညာထွန်းကားလာချိန်မှစ၍ စက်ပစ္စည်းများကိုသာအားကိုးလာမှုတို့ကြောင့် လူသားတို့၏ ကိုယ်ပိုင်မွေးရာပါစွမ်းအင်များကို ပြန်လည်အသုံးချတတ်လာကြစေရန်။
(၅) ပျောက်ကွယ်လုဆဲဖြစ်နေသောပညာရပ်များကို ပူးပေါင်းထိန်းသိမ်းရန်နှင့် ပျောက်ကွယ်နေသော ပညာရပ်များအား ပူးပေါင်းရှာဖွေဖော်ထုတ်ရန်။ တို့ပင်ဖြစ်ကြသည်။
---------------------------------------------
မှော်ပညာရပ်များထွန်းကားစွာပြန့်ပွားစေရန်နှင့် မှော်ပညာကိုမကောင်းသောအမြင်ဖြင့် မြင်ကြသူများအား
မှော်ပညာသည် ပြုစားသော၊ မကောင်းကြံသောပညာသက်သက်သာမဟုတ်သည်ကို
မှော်ပညာသည် ပြုစားသော၊ မကောင်းကြံသောပညာသက်သက်သာမဟုတ်သည်ကို
သိတတ်စေရန်တို့ပင်ဖြစ်ကာ တန်ဖိုးသတ်မှတ်မှုမှာကား
လူတစ်ယောက်တွင်ရှိသော မေတ္တာတရားနှင့်ကိုယ်ချင်းစာစိတ်ကို
လူတစ်ယောက်တွင်ရှိသော မေတ္တာတရားနှင့်ကိုယ်ချင်းစာစိတ်ကို
နံပါတ်(၁)တန်ဖိုးသတ်မှတ်ပြီး ဒုတိယတန်ဖိုးသည်ကား စိတ်တည်ငြိမ်မှု၊
ရင့်ကျက်မှုတို့နှင့် အေးဆေးစွာဝေဖန်ပိုင်းခြားနိုင်စွမ်းတို့ပင်ဖြစ်သည်။
KAM မှော်ကျောင်းတော်၏ ပညာသင်ကြားမှုပုံစံသည် သင်ကြားသောအရာတစ်ခုထဲကိုသာတတ်မြောက်ရန်မဟုတ်ဘဲ သင်ကြားသည့်
သင်ခန်းစာနှင့်ဆက်စပ်သော ပြင်ပအကြောင်းအရာများမှသည် အလုံးစုံထိအောင် ကိုယ်တိုင်သင်ယူတတ်မြောက်ရန်နှင့်
ကျောင်းသားဗဟိုပြုစနစ်ဖြင့်သာ သင်ကြားပေးသည်။

ကျောင်း၏ဖွဲ့စည်းပုံမှာ စနစ်တကျဖြစ်သော်လည်း Group Type မဟုတ်သော
Family Type မိသားစုဆန်ဆန်ပေါင်းသင်းဆက်ဆံရေးဖြင့် နွေးနွေးထွေးထွေးရှိလှသည်။
Family Type မိသားစုဆန်ဆန်ပေါင်းသင်းဆက်ဆံရေးဖြင့် နွေးနွေးထွေးထွေးရှိလှသည်။
0 comments :
Post a Comment