'မြန်မာပြည်၏ပထမဦးဆုံး မှော်ပညာသင်ကြားရေးကျောင်းတော်ရဲ့ တရားဝင်ဆိုဒ် ဖြစ်ပါသည်။'

သင်ကြားရေးဌာနများ

တက္ကသိုလ်များလိုပဲ သင်ကြားပိုင်းနှင့်ပတ်သက်ပြီး ဌာနများ ခွဲခြားထားပါသည်။ ဌာနအလိုက် သင်ခန်းစာများကို ပို့ချပေးမည် ဖြစ်ပြီး ကျောင်းသား/သူများ ပိုမိုစနစ်ကျသော မှော်ပညာရေးစနစ်ကောင်းတစ်ခုအတွင်းမှာ ကောင်းမွန်စွာ သင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး မိမိတို့ရရှိလိုက်သော သင်ခန်းစာများသည် မည်သည့်ဌာနအောက်မှာ ဖြစ်သလဲဆိုတာကိုလည်း သိရှိနိုင်မှာပဲ ဖြစ်ပါသည်။
psychic protection magic divider

(၁) အခြေခံမှော်ပညာသင်ကြားရေးဌာန (ခရမ်းဖျော့ရောင်အဆင့်)


ဒီဌာနသည် မှော်ပညာလောကအကြောင်းကို အခြေခံ အကြောင်းအရာများဖြင့် ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ 

(၂) သဘာဝဆိုင်ရာ သင်ကြားရေးဌာန (ငွေရောင်အဆင့်)


သဘာဝလောကကြီးအကြောင်းနှင့်ပတ်သက်ပြီး သဘာဝ၏ ဖြစ်တည်မှု၊ သစ္စာတရား၊ အသိပညာတို့နှင့် ဆိုင်သော ရုပ်လွန်ပညာ နှင့် သဘာဝ၏စွမ်းအားများနှင့် ထူးဆန်းအံ့သြဖွယ်ရာများဖြင့် ဖွဲ့စည်းထားတဲ့ လက်တွေ့ပညာများအကြောင်းကို သင်ကြားရမည် ဖြစ်ပါသည်။


(၃) လက်တွေ့သင်ကြားရေးဌာန (ရွှေရောင်အဆင့်)



ဒီဌာနမှာ ပါဝင်တာတွေကတော့ မှော်ပညာရှင်တို့၏အစိတ်အပိုင်းများကို အသုံးချမှုနှင့်ပတ်သက်တဲ့ အခြေခံအကြောင်းအရာကနေ အဆင့်မြင့်အကြောင်းအရာတွေကို ကို သင်ကြားပေးမှာပဲ ဖြစ်ပါသည်။

(၄) စိတ်ပညာသင်ကြားရေးဌာန (စိမ်းပြာရောင်အဆင့်)



အခြေခံကျသော စိတ်ပညာပုံစံများကို လေ့လာသင်ကြားရမှာပဲ ဖြစ်ပါသည်။


(၅) ဆေးကုသခြင်းဌာန (အပြာရောင်အဆင့်)

ဆေးကုသခြင်းနှင့် ပတ်သက်သမျှကို သင်ကြားရမည် ဖြစ်ပါသည်။

(၆) ရုက္ခဌာန (အစိမ်းရောင်အဆင့်)

ဆေးဝါးနှင့်ပတ်သက်သော အရာများကို သင်ကြားပေးမည် ဖြစ်ပါသည်။ ဆေးဝါးသစ်ပင်နှင့် ပတ်သက်သော အတွေးအခေါ်များနှင့်တကွ သိသင့်သိထိုက်သော ဆေးဝါးအပင်တို့၏ ဝေါဟာရများကို လေ့လာရမည် ဖြစ်ပါသည်။


(၇) အတတ်ဟောပညာဌာန (အ၀ါရောင်အဆင့်)


အတတ်ဟောပညာ၊ အကြားအမြင်ဆိုင်ရာပညာရပ်များနှင့် ပတ်သတ်သော စွမ်းရည်များကို စိစစ်မြှင့်တင်ပေးနိုင်စေရန်၊ အတတ်ဟောပညာ လိုက်စားဆဲသူကို အကြားအမြင်ဆိုင်ရာ စွမ်းအင်သာမက အတတ်ဟောပညာနှင့်ဆက်စပ်၍ အခြားအရာများကိုပါ အကျိုးရှိရှိ အသုံးချတတ်စေရန် တို့ဖြစ်ကာ ရူနေး၊ တားရော့၊ အိပ်မက်နိမိတ်ဖတ်ပညာ၊ အနာဂတ်ပုံရိပ်အမြင်ပညာရပ်၊ ဂဏန်းဗေဒင်ပညာရပ်စသော အတတ်ဟောပညာရပ်ပိုင်းဆိုင်ရာတို့ကို သင်ကြားပေးမည် ဖြစ်ပါသည်။



(ဂ) သရုပ်ပြမှော်ပညာဌာန (လိမ္မော်ရောင်အဆင့်)


သရုပ်ပြမှော်ပညာဌာနတွင် စင်မြင့်ပေါ်တွင် မှော်ဆန်ဆန်အထူးစီစဉ်သရုပ်ပြထားမှုများ၊ ရိုးရာအစဉ်အလာပွဲတော်များအဓိကပါဝင်ပေသည်။ သရုပ်ပြမှော်ပညာတွင် မှော်အနုပညာသရုပ်ပြချက်များ၊ မီးတောက်စားခြင်းပညာရပ်များ၊ အစရှိသော ရိုးရာအစဉ်အလာပွဲတော်များမှ ဓလေ့များကို သင်ကြားပေးမည် ဖြစ်ပါသည်။


(၉) သိပ္ပမှော်ပညာဌာန (အနီရောင်အဆင့်)

စိတ်ပညာ၊ ဘဝတစ်ကွေ့မှတ်ဖွယ်မှတ်ရာ သိပ္ပံပညာ၊ အသိပညာ ပါဝင်လာသော နည်းပညာဖန်တီးခြင်းများ စသည်တို့ပင်ဖြစ်ပေသည်။ မှော်ပညာဆိုင်ရာသိပ္ပံအတတ်ပညာနှင့် သိပ္ပွံပညာဆိုင်ရာ မှော်ပညာရပ်များ ပါဝင်သည်။ ယခုဌာနနှင့်ဆက်နွယ်မှုရှိသော ပညာရပ်များမှာ စိတ်ပညာ၊ ဘဝတစ်ကွေ့မှတ်ဖွယ်မှတ်ရာ သိပ္ပံပညာ၊ အသိပညာပါဝင်လာသော နည်းပညာဖန်တီးခြင်းများ စသည်တို့ပင်ဖြစ်ပေသည်။


(၁၀) ဘ၀ဌာန (ပန်းရောင်အဆင့်)


ထွေထွေထူးထူးပညာရပ်တွေ မပါဝင်ပေမယ့် ဘ၀နေနည်းအတတ်ပညာလို့ ခေါ်ဆိုနိုင်မယ့် ပုံစံငယ်များ ပါဝင်လာမည် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ကောင်မလေးတစ်ယောက်ကို ဘယ်လိုလိုက်ရမယ် ဘယ်လိုပုံစံနေမှ ရမယ်ဆိုသော အချစ်ဖြင့်သက်ဆိုင်သော အမူအရာများ ၊ အထက်လူကြီးဖြင့် တွေ့ရမည် အဲဒီအခါ မည်သည့်အမူအရာမျိုးရှိရမယ် မည်သို့လုပ်ဆောင်သွားရမည်ဆိုသော လက်တွေ့လှုပ်ရှားမှုဖြင့် သက်ဆိုင်သောအတတ်ပညာကို သင်ကြားပေးခြင်းထက် ဆွေးနွေးတိုင်ပင်ခြင်း ဖြစ်သည်။


(၁၁) သတ္တလောကဌာန (အညိုရောင်အဆင့်)


ဆန်းကြယ်သောသတ္တဝါများနဲ့ သူတို့တည်ရှိရာနေရာများ၊ သူတို့ကိုဘယ်လိုရှာဖွေရမယ်ဆိုတာနှင့် အသုံးချပုံများစသည့် လောကကြီး၏ဆန်းကြယ်သောသတ္တဝါများနှင့်ပတ်သတ်သော အကြောင်းအရာများကို သင်ကြားပေးမည်။ တိရစ္ဆာန်တွေနဲ့ပတ်သက်တဲ့ မှော်ပညာတွေကိုလည်း သင်ကြားရမည် ဖြစ်သည်။


(၁၂) စကြ၀ဠာဌာန (ခရမ်းရောင်အဆင့်)


စကြာဝဠာနှင့်ပတ်သက်သော ပညာရပ်များကို သင်ကြားပေးမည့်ဌာနဖြစ်ပါသည်။

(၁၃) မှော်အတတ်သင်္ချာဌာန (ဖန်ရောင်အဆင့်)


အေားလုံးကပြောဆိုကြတဲ့ မှော်ပညာရဲ့အခြေခံကို သင်္ချာဆိုပြီး ပြောဆိုကြတာတွေလည်း ရှိကြတော့ သင်္ချာကို မရှိမဖြစ် သင်ကြားပေးမည့်ဌာနဖြစ်သည်။


(၁၄) ပွဲတော်ဆိုင်ရာမှော်အတတ်ဌာန (အဖြူရောင်အဆင့်)


အသင်းလိုက် အဖွဲ့လိုက် ပြုလုပ်ရသည့်အစီအရင်များကို လုပ်ဆောင်တတ်ရန် အတွက် လေ့ကျင့်ပေးခြင်း ဖြစ်ပါသည်။


(၁၅) မီးခိုးရောင်ဌာန (မီးခိုးရောင်အဆင့်)


မီးခိုးရောင်သည် အဖြူရောင်နှင့်အနက်ရောင်ပေါင်းစပ်ထားသောအရောင်ဖြစ်ပြီး ကောင်းခြင်း ၊ ဆိုးခြင်းနှစ်ခု ကြားတွင တည်ရှိသောပညာရပ်များကို သင်ကြားပေးမည့် ဌာနဖြစ်ပါသည်။


(၁၆) အနက်ရောင်ဌာန (အနက်ရောင်အဆင့်)


အားလုံးကတော့ အနက်ရောင်ဆိုရင် ကျိန်စာတိုက်တဲ့ ညစ်ပတ်တဲ့အတတ်ပညာဆိုပြီး နားလည်ထားကြပါလိမ့်မည်။ တကယ်တော့ မှော်ပညာတို့၏မရှိမဖြစ် မသိမဖြစ် ပညာရပ်များပင်ဖြစ်ပြီး အဆင့်အတန်းမြင့်မားသော ပညာရပ်များဟု ပြောဆိုရင်လည်း မှားမည်မဟုတ်ပါ။ ဒီအဆင့်သည် အရှေ့တွင် ပြီးဆုံးခဲ့သော ပညာရပ်တစ်စုံတစ်ခု မပြီးမချင်း အနောက်ရောင်အဆင့်ကို ရောက်ရှိမည်မဟုတ်ပါ။အနက်ရောင်အဆင့်ကို ရောက်ရှိသွားသူကို အောက်လမ်း
ပညာရှင်ဟု ပြောဆိုခြင်း မှားယွင်းသော စွပ်စွဲမှုမျှသာ ဖြစ်သည်။ အနက်ရောင်ပညာ၏လက်အောက်တွင် ရှိသော ပညာရပ်များသည် လူများကို ထိခိုက်စေနိုင်သည့် ပညာရပ်များမဟုတ်ဘဲ လောကကြီးကို ကောင်းကျိုးပြုနိုင်သည့် ပညာရပ်များပင်ဖြစ်ပြီး လူသားတို့ရဲ့ကောက်ကျစ်သောစိတ်ထားများကြောင့် အနက်ရောင်ပညာများသည် သူတို့ကို သတ်ဖြတ်လိုက်ခြင်း ဖြစ်ပေသည်။ အနောက်ရောင်အဆင့်တွင် ပညာရပ်အများအပြားများကို သင်ကြားရမည် ဖြစ်ပြီး သူတစ်ပါးကို ထိခိုက်ခြင်းလုပ်ခြင်း ၊ မလုပ်ခြင်းသည် မိမိစိတ်သာလျှင် အဓိကပင် ဖြစ်သည်။ ကာကွယ်နည်းဆိုတာ ဘယ်လိုတိုက်ခိုက်လာမလဲဆိုတဲ့ ပုံစံများကို ကြည့်ပီးမှသာလျှင် ကာကွယ်နည်းတွေက အသုံးဝင်နိုင်မည် ဖြစ်ပေသည်။


(၁၇) ဂိတ်ပိတ်ဌာန (ဗလာအဆင့်) 

ဗလာအဆင့်ဆိုမှာတော့ ဗလာပေါ့..။ လိုအပ်တဲ့ ပညာရပ်များကို ထုတ်သွင်းပေးမည့်ပညာဝှက်စခန်းလို့ ခေါ်တဲ့ လျှို့ဝှက်ဌာနဖြစ်ပါသည်။ လျှို့ဝှက်ဌာန၏ လက်ဆောင်ကို ကံကောင်းသူများပဲ ရရှိနိုင်ပေသည်။

Candle     Let's Meet Again In Family Type School    Candle

2 comments :

  1. သင်ယူချင်ပါတယ်Facebookမှာဆက်သွယ်လို့မရလို့ပါ။emailလဲမရှိပါဘူး။ဘယ်လိုဆက်သွယ်ရမလဲ။

    ReplyDelete
  2. သင်ယူချင်ပါတယ်Facebookမှာဆက်သွယ်လို့မရလို့ပါ။emailလဲမရှိပါဘူး။ဘယ်လိုဆက်သွယ်ရမလဲ။

    ReplyDelete

 

© 2014 Copyright Kamawna Academy of Magick (KAM): သင်ကြားရေးဌာနများ All Rights Reserved. | Designed And Developed By