လောကကြီးကို ဘ၀ဖြင့် စ၀င်လာခဲ့တော့ အခု ဘ၀သစ်နဲ့ စလိုက်ပြီး ရင်ထဲမှာ ခေါင်းထဲမှာရှိနေတဲ့ အတွေးတွေ အသိတရားတွေကို အရင်ဆုံးလွှင့်ပစ်ပြီး ဦးနှောက်အသစ်ကလေးနဲ့ ဘ၀လောကကြီးက ကြိုဆိုလိုက်ပါသည်။ ဒီဌာနကတော့ ထွေထွေထူးထူးပညာရပ်တွေ မပါဝင်ပေမယ့် ဘ၀နေနည်းအတတ်ပညာလို့ ခေါ်ဆိုနိုင်မယ့် ပုံစံငယ်များ ပါဝင်လာမည် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ကောင်မလေးတစ်ယောက်ကို ဘယ်လိုလိုက်ရမယ် ဘယ်လိုပုံစံနေမှ ရမယ်ဆိုသော အချစ်ဖြင့်သက်ဆိုင်သော အမူအရာများ ၊ အထက်လူကြီးဖြင့် တွေ့ရမည် အဲဒီအခါ မည်သည့်အမူအရာမျိုးရှိရမယ် မည်သို့လုပ်ဆောင်သွားရမည်ဆိုသော လက်တွေ့လှုပ်ရှားမှုဖြင့် သက်ဆိုင်သောအတတ်ပညာကို သင်ကြားပေးခြင်းထက် ဆွေးနွေးတိုင်ပင်ခြင်း ဖြစ်သည်။ ဒီဌာနသည် သင်ကြားရေးဌာနမဟုတ်ဘဲ အခက်အခဲများကို ဆွေးနွေးခြင်းဌာနဆိုပါလျှင် ပိုမှန်ပါလိမ့်မည်။ ဘ၀နှင့်ပတ်သက်သောအခက်အခဲများကို အဆင်ပြေအောင် နည်းလမ်းများချမှတ်ပြီး ဆွေးနွေးခြင်းသာ ဖြစ်ပေသည်။ မှော်ပညာတစ်ယောက်အတွက် မှော်လောကတွင် လိုက်နာသင့်သော အချက်အလက်များနှင့် ထုံးစံများကိုလည်း သိရှိအောင် သင်ကြားပေးတဲ့ပုံစံများလည်း ပါဝင်လာမည် ဖြစ်ပေသည်။ မှော်ပညာပြင်ပတွင် ရှိသော အခက်အခဲများကို မည်သို့ ကျော်လွှားနိုင်မည်ဆိုသော လုပ်ငန်းဆောင်တာများလည်း ပါဝင်မည် ဖြစ်ပေသည်။ အသင်းအဖွဲ့ဖြင့် လုပ်ဆောင်တတ်ခြင်း ၊ ခေါင်းဆောင်မှုအတတ်ပညာ ၊ နည်းစနစ်ကျကျတွေးတောတတ်ခြင်းစသော လိုအပ်သော ပုံစံများလည်း သင်ကြားရမည်လည်း ဖြစ်ပေသည်။
ပန်းရောင်သည် ဗီးနပ်ကို ကိုယ်စားပြုသသည်။ ကြီးထွားခြင်း သန်မာခြင်းတို့လည်း ညွှန်ဆိုထားသည်။ ချစ်ခြင်းတရားများအတွက်လည်း ပန်းရောင်ကို သုံးစွဲကြသည်။ ပန်းရောင်သည် ပေါင်းသင်းဆက်ဆံတတ်မှု ၊ မိသားစု ၊ ချစ်ခြင်းတရား ၊ မေတ္တာတရား ၊ စိတ်ကူးယဉ်ဆန်ခြင်းတို့လည်း အဓိက ကိုယ်စားပြုထားသေးသည်။
ပါဝင်သောပညာရပ်များ.....
(၁) ဘ၀ဖြင့်ပတ်သက်သောအကြောင်းအရာများကို ဆွေးနွေးပေးခြင်း နှင့်
(၂) မိမိတွေးခေါ်မှုပုံစံများကို လောကတွင် လိုက်လျောညီထွေ ရှိစေရန်အတွက်သာ ဖြစ်သည်။ ဒီဌာနသည် ပညာရပ်ကို သင်ကြားပေးခြင်းမဟုတ်ဘဲ ဆွေးနွေးခြင်း နှင့် လမ်းညွှန်ပြသခြင်းသာ ဖြစ်ပေသည်။
0 comments :
Post a Comment