လက်တွေ့လေ့ကျင့်မှုကမ္ဘာကြီးမှ ကြိုဆိုပါသည်။ ဒီဌာနမှာ ပါဝင်တာတွေကတော့ မှော်ပညာရှင်တို့၏အစိတ်အပိုင်းများကို အသုံးချမှုနှင့်ပတ်သက်တဲ့ အခြေခံအကြောင်းအရာကနေ အဆင့်မြင့်အကြောင်းအရာတွေအထိ ပါဝင်ပါသည်။ သီအိုရီ ၊ ပစ္စည်းကိရိယာများ ၊ မန္တန်များ ၊ သင်္ကေတများ ၊ တံဆိပ်များ ၊ အဆောင်ပစ္စည်းများနှင့် လက်တွေ့စမ်းသပ်နိုင်သော ပညာရပ်တွေ ပါဝင်မည် ဖြစ်ပေသည်။
ရွှေသည် စကြာဝဠာတစ်ခုလုံး၏ စံသတ်မှတ်ထားသော တန်ဖိုးအရှိဆုံးသတ္တုပစ္စည်းဖြစ်သည်။ ရွှေရောင်သည်လည်း စကြာဝဠာနှင့်ဆက်သွယ်ရတွင်လည်းကောင်း ၊ စွမ်းအားများနှင့်ချိတ်ဆက်ရာတွင်လည်းကောင်း အသုံးပြုကြသည်။ ရွှေရောင်သည် နေမင်းကြီးရဲ့အရောင် ၊ သိဟ်ရာသီသင်္ကေတ ၊ ပျိုရွယ်နုပျိုမှု ၊ စိတ်ချမ်းသားမှု ၊ အဆင့်အတန်းမြင့်မားမှု စတာတွေကိုလည်း ရည်ညွှန်းထားပါသည်။ ယောကျာင်္းတွေနဲ့ ပတ်သက်တဲ့မှော်ပညာရပ်တွေမှာ မရှိမဖြစ်ပါဝင်တဲ့အရောင်ကလည်း ရွှေရောင်ဖြစ်ပါသည်။
ပါဝင်သောပညာရပ်များ
(၁) မန္တန်ပညာရပ်
(၂) သင်္ကေတပညာရပ်
(၃) Alter တည်ဆောက်နည်း
(၄) နိမိတ်ဖတ်ခြင်းပညာရပ်များ (တားရော့ ၊ ရူးနေ ၊ ဗေဒင်ပညာရ့ပ်အစသဖြင့်.)
(၅) ဖယောင်းမှော်ပညာရပ်
(၆) အစားအစာမှော်ပညာရပ်
(၇) ဂမ္ဘီရရုက္ခဗေဒပညာရပ်
(၈) လက်တွေ့ဆန်သောပညာရပ်များအားလုံး ပါဝင်သည်။
0 comments :
Post a Comment