'မြန်မာပြည်၏ပထမဦးဆုံး မှော်ပညာသင်ကြားရေးကျောင်းတော်ရဲ့ တရားဝင်ဆိုဒ် ဖြစ်ပါသည်။'

(၁၂) စကြ၀ဠာဌာန (ခရမ်းရောင်အဆင့်)

ကြီးမားလှသော စကြ၀ဠာကြီးမှ ကြိုဆိုပါသည်။ လောကကြီးတွင် စကြဝဠာလောက် ဆန်းကြယ်သော၊ အံ့သြဖွယ်ကောင်းသော၊ ပဟေဠိများနှင့်ပြည့်နှက်နေသောအရာမရှိချေ။
ညကောင်းကင်ယံကြီးမှာလည်းကြည့်တတ်လျှင် ဆန်းကြယ်မှုတို့၏ရတာသိုက်ကြီးပင်ဖြစ်သည်။ နေ၊ လ၊ နှင့်ဂြိုဟ်များ၏ရွေ့လျားမှုများသည် ကျွန်ုပ်တို့၏အချိန်သတ်မှတ်မှုများနှင့် ပြက္ခဒိန်ကိုဖြစ်ပေါ်လာစေပြီး ဂြိုဟ်တို့၏ရွေ့လျားမှုများက နက္ခတ်အသွင်များကိုဖြစ်ပေါ်လာစေသည်။ စကြဝဠာဗေဒတွင် စကြဝဠာဘယ်ကစဖြစ်ပေါ်ခဲ့သနည်း။ ဘာတွေဆက်ဖြစ်ဦးမည်နည်း။ ဘယ်လိုအလုပ်လုပ်နေပါသနည်း။ ဂြိုဟ်သားများကောရှိပါသလား အစရှိသောမေးခွန်းအယူအဆများစွာနှင့် ဆက်စပ်နေပေသည်။

စကြဝဠာဌာနကိုယ်စားပြုအရောင်မှာ စွမ်းအင်၊ ချမ်းသာခြင်းနှင့် အလွန်ကောင်းမွန်သောကံတရားတို့ကိုကိုယ်စားပြုသော ခရမ်းရောင်ဖြစ်ပေသည်။ ခရမ်းရောင်သည် ကြီးကျယ်ခမ်းနားခြင်း၊ တော်ဝင်ခြင်း၊ တရားမျှတခြင်း၊ ထုတ်လုပ်နိုင်စွမ်းရှိခြင်းတို့၏အရောင်သင်္ကေတဖြစ်ပြီး ကြာသပတေးဂြိုဟ်၊ ခရောင်းချက္ကရာနှင့် အတွေ့အကြုံရင့်ကျက်မှုရှိခြင်းတို့ကိုကိုယ်စားပြုသည်။ ခရမ်းရောင်သည် အငွေသဏ္ဍန်ဝိဥာဉ်များ၊ အဆုံးမဲ့လှိုင်းများ၊ ရှေးဟောင်းပညာရှိဆုံးမစကားများနှင့် စကြဝဠာ၏ အနက်ရှိုင်းဆုံးဆန်းကြယ်မှုတို့ကိုကိုယ်စားပြုပေသည်။ ခရမ်းရောင်ကို အာရုံပြုနိုင်အားကောင်းမွန်စေခြင်း၊ ပရလောကချိတ်ဆက်ခြင်းနှင့်စိတ်ပိုင်းဆိုင်ရာတည်ငြိမ်စေခြင်းတို့နှင့်ပတ်သတ်၍ အသုံးပြုကြသည်။


ပါဝင်သောပညာရပ်များ.....

(၁) စကြ၀ဠာဗေဒ
(၂) နက္ထတ္တဗေဒ
(၃) နက္ထတ်ဗေဒင်
(၄) စကြ၀ဠာတွင်ဖြစ်ပေါ်နေတဲ့အရာများအတွက် သက်ဆိုင်သောပညာရပ်များ ပါဝင်သည်။

0 comments :

Post a Comment

 

© 2014 Copyright Kamawna Academy of Magick (KAM): (၁၂) စကြ၀ဠာဌာန (ခရမ်းရောင်အဆင့်) All Rights Reserved. | Designed And Developed By