'မြန်မာပြည်၏ပထမဦးဆုံး မှော်ပညာသင်ကြားရေးကျောင်းတော်ရဲ့ တရားဝင်ဆိုဒ် ဖြစ်ပါသည်။'

(ဂ) သရုပ်ပြမှော်ပညာဌာန (လိမ္မော်ရောင်အဆင့်)

ဆန်းကြယ်မှုများနဲ့ သရုပ်ပြမှော်ပညာကမ္ဘာမှကြိုဆိုပါသည်။ သရုပ်ပြမှော်ပညာဌာနတွင် စင်မြင့်ပေါ်တွင် မှော်ဆန်ဆန်အထူးစီစဉ်သရုပ်ပြထားမှုများ၊ ရိုးရာအစဉ်အလာပွဲတော်များအဓိကပါဝင်ပေသည်။ သရုပ်ပြမှော်ပညာတွင် မှော်အနုပညာသရုပ်ပြချက်များ၊ မီးတောက်စားခြင်းပညာရပ်များ၊ အစရှိသော ရိုးရာအစဉ်အလာပွဲတော်များမှ ဓလေ့များပါဝင်နေသည်။ ဤဌာနတွင် မှော်ဝင်သီချင်းများ၊ မန္တန်ကြူးခြင်းများနှင့် သမိုင်းကြောင်းဟောပြောခြင်းများပါဝင်သည်။

သရုပ်ပြမှော်ပညာဌာန၏အဓိကရည်မှန်းချက်မှာ ကျောင်းသားများ၏ ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာစွမ်းရည်များမှတစ်ဆင့် မရှိမဖြစ်လိုအပ်သောပညာရပ်များသို့ တက်လှမ်းလေ့လာနိုင်ကြစေရန်၊ မှော်ပညာနှင့်ပတ်သတ်သော ရိုးရာအခမ်းအနားများတွင် မှန်ကန်သောသရုပ်ပြမှုများလုပ်ဆောင်နိုင်ကြစေပြီး ရိုးရာအခမ်းအနားဓလေ့များမပျောက်ပျက်ကြစေရန်တို့ဖြစ်ပါသည်။ ယခုသရုပ်ပြဌာနမှ စီစဉ်မည့်လှုပ်ရှားမှုများသည် လှုပ်ရှားမှုများတွင် လိုက်ပါဆောင်ရွက်ကြမည့် ကျောင်းသားများ၊ လေ့လာသူပရိသတ်များကို မမေ့နိုင်စရာ ဆန်းကြယ်သောအတွေ့အကြုံများနှင့်အတူ မှော်ပညာကို အာရုံစူးစိုက်ကာ စိတ်ပါဝင်စားလာကြစေရန် ရည်ရွယ်ပါသည်။ ထိုသရုပ်ပြသမှုများတွင် မျက်လှည့်အတတ်၊ ရိုးရာပွဲတော်များ၊ ဂီတမန္တန်ရွတ်ဆိုခြင်းများ၊ ရိုးရာဝတ်စုံများတူညီဝတ်ဆင်ကြခြင်းများနှင့် မှော်ဆန်သောပြင်ဆင်ခြယ်သမှုများလည်းပါဝင်မည်ဖြစ်ပါသည်။

သရုပ်ပြမှော်ပညာ၏အရောင်မှာ လိမ္မော်ရောင်ဖြစ်ပြီး နူးညံ့ခြင်း၊ သတ္တိရှိခြင်း၊ စည်းရုံးလှုံ့ဆော်နိုင်ခြင်းတို့ကို ကိုယ်စားပြုသည်။ လိမ္မော်ရောင်သည် နွေးထွေးခြင်း၊ မိတ်ဆွေကောင်းပီသခြင်း၊ ဝိဥာဉ်၊ စိတ်စွမ်းအင်၊ သီအိုရီများနှင့် အလိုအလျောက်အသိပေးနှိုးဆွဓာတ်တို့ကို ပိုင်ဆိုင်ထားကာ မှော်ပညာဆိုင်ရာသရုပ်ပြခြင်းများ မျက်လှည့်ပညာဆိုင်ရာ ဆန်းကြယ်သောလှည့်စားကွက်များနှင့်လည်း ပတ်သတ်ဆက်နွယ်မှုရှိနေပေသည်။

ပါဝင်သောပညာရပ်များ.......

(၁) မျက်လှည့်ပညာရပ်
(၂) ဓာတ်ပညာရပ်
(၃) ၀ိညာဉ်လောကဖြင့် တစ်ဆင့်ချိတ်ဆက်ပေးသောပညာရပ်
(၄) လက်ရေးလှရေးခြင်းအတတ်ပညာ
(၅) ပုံပြောခြင်းအတတ်ပညာ
(၆) သရုပ်ပြခြင်းနှင့်သက်ဆိုင်သောပညာရပ်များ ပါဝင်ပါသည်။

0 comments :

Post a Comment

 

© 2014 Copyright Kamawna Academy of Magick (KAM): (ဂ) သရုပ်ပြမှော်ပညာဌာန (လိမ္မော်ရောင်အဆင့်) All Rights Reserved. | Designed And Developed By