'မြန်မာပြည်၏ပထမဦးဆုံး မှော်ပညာသင်ကြားရေးကျောင်းတော်ရဲ့ တရားဝင်ဆိုဒ် ဖြစ်ပါသည်။'

(၁၁) သတ္တလောကဌာန (အညိုရောင်အဆင့်)

ဆန်းကြယ်သောသတ္တဝါများနဲ့ သူတို့တည်ရှိရာနေရာများ၊ သူတို့ကိုဘယ်လိုရှာဖွေရမယ်ဆိုတာနှင့် အသုံးချပုံများစသည့် လောကကြီး၏ဆန်းကြယ်သောသတ္တဝါများနှင့်ပတ်သတ်သော ဌာနဖြစ်ပါသည်။ သူတို့ကို မည်သို့ ဘယ်လိုတွေ့ရှိနိုင်မလဲဆိုတဲ့ အကြောင်းအရာများနှင့်အတူ အမြင်ဓာတ်ဖွင့်ခြင်း အတတ်ပညာများလည်း ပါဝင်ပါသည်။ ဥပမာဆိုရသော် တိုယမ်ဝါဒများလည်း ပါဝင်ပါသည်။ ထူးဆန်းသော သတ္တ၀ါများရဲ့စကားများ ၊ နေပုံထိုင်ပုံများ နှင့် အမူအကျင့်များ မည်သို့ရှိသလဲဆိုတာနဲ့ ပတ်သက်ပီး နားလည်လာအောင် ရှင်းပြပေးနိုင်သော ဌာနလည်း ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာပြည်တွင် ဆိုပါက မှင်စာ ၊ ဘီလူး ၊ နဂါး ၊ ကျတ် ၊ သရဲ ၊ တစ္ဆေ အစရှိသော ထူးဆန်းသောဖွဲ့စည်းပုံဖြင့် တည်ရှိနေသော သတ္တ၀ါများအကြောင်းများကို မိမိတစ်ယောက်တည်းဖြစ်စေ ၊ အများဖြင့်ပေါင်းပြီး သိရှိနိုင်သော သင်ကြားပေးမည်လည်း ဖြစ်ပေသည်။

ဤဌာနကို ကိုယ်စားပြုသောအရောင်မှာ အညိုရောင်ဖြစ်ကာ အညိုရောင်သည် ပေါ့ပါးခြင်း၊တည်ငြိမ်ခြင်း၊ ပျော့ပျောင်းခြင်း၊ အေးဆေးခြင်းတို့ကိုကိုယ်စားပြုသည်။ အညိုရောင်မှော်ပညာရှင်တို့သည်များသောအားဖြင့် အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်များ၊ တိရိစ္ဆာန် ဆေးကုခန်းများ၊ တိရိစ္ဆာန်ရုံများ၊ တိရိစ္ဆာန်အကာကွယ်ပေးရေးဌာနများနှင့်ပတ်သတ်နေကြသူများဖြစ်ကာ အချို့ တိရိစ္ဆာန်အခွင့်အရေးစောင့်ရှောက်သူများပင် ပါဝင်ကြလေသည်။ အညိုရောင်မှော်ပညာရှင်တို့၏ ပတ်လည်တွင်လည်း အိမ်မွေးတိရိစ္ဆာန်လေးများ၊ လယ်ယာတွင်းတိရီစ္ဆာန်များ၊ တောရိုင်းသတ္တဝါများနှင့် မြင်ရခဲသောဆန်းကြယ်သည့်သက်ရှိလေးများကိုပင်တွေ့ရတတ်သည်။

ပါဝင်သောပညာရပ်များ...

(၁) တိရစ္ဆာန်မှော်ပညာ
(၂) တိုယမ်ပညာရပ်
(၃) စာတွေ့ပညာရပ်များ
(၄) ဆန်းကြယ်သောသတ္တလောကနှင့်ပတ်သက်သော ပညာရပ်များ ပါဝင်သည်။

2 comments :

  1. How can i join this course? Thanks

    ReplyDelete
  2. ဖအိုင်းဆိုတာဘာကောင်လဲသိချင်ပါတယ်။

    ReplyDelete

 

© 2014 Copyright Kamawna Academy of Magick (KAM): (၁၁) သတ္တလောကဌာန (အညိုရောင်အဆင့်) All Rights Reserved. | Designed And Developed By