'မြန်မာပြည်၏ပထမဦးဆုံး မှော်ပညာသင်ကြားရေးကျောင်းတော်ရဲ့ တရားဝင်ဆိုဒ် ဖြစ်ပါသည်။'

(၆) ရုက္ခဌာန (အစိမ်းရောင်အဆင့်)

ရုက္ခဗေဒကမ္ဘာ့ကြီးကနေ ကြိုဆိုပါသည်။ ဆေးဝါးနှင့်ပတ်သက်သော အရာများကို သင်ကြားပေးမည် ဖြစ်ပါသည်။ ဆေးဝါးသစ်ပင်နှင့်ပတ်သက်သော အတွေးအခေါ်များနှင့်တကွ သိသင့်သိထိုက်သော ဆေးဝါးအပင်တို့၏ ဝေါဟာရများကို လေ့လာရမည် ဖြစ်ပါသည်။ ကိုယ်ပိုင်ဥယျာဉ်ကလေး တည်ဆောက်ပီး လေ့ကျင့်ရမှာတွေလည်း ရှိပါသည်။ အပင်မှော်ပညာသင်လည်းပဲ ရုက္ခဌာနအောက်မှာ အကျုံးဝင်ပါသည်။ ဆေးကုသခြင်းကို အဆင့်တစ်ခုထဲကို ထည့်ချင်ပေမယ့် သူ့ကိုပညာရပ်တစ်ခုအနေဖြင့်သာ ပေးမည်ဖြစ်ပါသည်။ ဆေးကုသခြင်းသည် အပြာရောင်အဆင့်တွေ တည်ရှိသည်။ ရုက္ခဌာနကတော့ စာတွေ့ထက်စာရင် လက်တွေ့လုပ်ဆောင်ရမှာပဲ ဖြစ်ပါသည်။ မီးခိုချောင်မှော်ပညာလည်း ပါဝင်တာကြောင့် လက်တွေ့ဆန်သောဌာနဖြစ်ပေသည်။

အစီမ်းရောင်သည် ကမ္ဘာမြေကြီးကို ရည်ညွန်းပီး အစီမ်းရောင်သည် သစ်သီးဝလံတို့၏အရောင်ဖြစ်သလို စိုက်ပျိုးရေး ၊ ဆေးဝါးပညာရပ်တွေ အဖြစ်လည်း နားလည်ထားနိုင်ပေသည်။ ပျော်ရွှင်မှု ၊ ကြီးထွားရှင်သန်မှု ၊ ပြောင်းလဲမှု ၊ သာယာကြည်နူးမှု စသဖြင့်လည်း အဓိပ္ပာယ်ကောက်ယူနိုင်ပေသည်။ သစ်တောစိမ်းရောင်သည် မြေသြဇာဖွံ့ဖြိုးခြင်း ၊ ကိုယ်ခန္ဓာ ၊ သူရသတ္တိ ၊ သီချင်းရိုးရိုးအေးအေးလေးဖြင့် ချိတ်ဆက်ထားသည်။ မော်ဒန်စိမ်း(စိမ်းဝါ)ရောင်သည် စိတ်ခံစားမှုကဏ္ဍများ ၊ သောကပူဆွေးမှု ၊ တိတ်ဆိတ်နေတဲ့အသံတို့ကို ကိုယ်စားပြုသည်။ အစီမ်းဖျော့ရောင် သည် ရှင်သန်မွေးဖွားစနုနယ်မှုကိုကိုယ်စားပြုကာ ကုသခြင်း၊ ကုစားခြင်းပညာရပ်များတွင် များစွာအသုံးချတတ်ကြသည်။

ပါဝင်သောပညာရပ်များ.....

(၁) ဆေးဝါးအသုံးချပညာရပ်
(၂) စိုက်ပျိုးရေးအတတ်ပညာ
(၃) ရုက္ခနှင့်ပတ်သက်သောပညာရပ်များ ပါဝင်သည်။

0 comments :

Post a Comment

 

© 2014 Copyright Kamawna Academy of Magick (KAM): (၆) ရုက္ခဌာန (အစိမ်းရောင်အဆင့်) All Rights Reserved. | Designed And Developed By