အခမ်းအနားပွဲများမှ ကြိုဆိုပါသည်။ အခမ်းအနားပွဲဟု ဆိုကတည်းက အသင်းလိုက် အဖွဲ့လိုက် ပြုလုပ်ရသည်ဆိုတာ အရင်ဆုံးနားလည်ထားပါ။ ပွဲတော်ကြီးတွေ ပြုလုပ်ခြင်းတွေနဲ့လည်း ပတ်သက်ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့တွင် စုပေါင်းပြီး ပွဲတော်ကြီး ကျင်းပခြင်းသည်လည်း ပွဲတော်ဆိုင်ရာမှော်အတတ်ဌာနဖြင့် သက်ဆိုင်ပေသည်။ တစ်ဦးချင်း (သို့) သုံးယောက်အထိ အစီအရင်မျိုးစုံပစ္စည်းများဖြင့် ကြီးကြီးကျယ်ကျယ် လုပ်ဆောင်လျှုင်လည်း အခမ်းအနားမှော်အတတ်ပညာသာ ဖြစ်ပေသည်။ ပင့်ခေါ်ခြင်းတို့ ၊ သန့်စင်ခြင်းတို့ စသော အဆင့်မြင့်ခြင်းနှင့်သက်ဆိုင်သောအတတ်ပညာများ ပါဝင်ပေသည်။
ဌာန၏ကိုယ်စားပြုအရောင်မှာအဖြူရောင်ဖြစ်ကာ အဖြူရောင်ကို မှော်ပညာနှင့်ပတ်သတ်သောအခမ်းအနားများနှင့် ရိုးရာပွဲများတွင် အသုံးပြုလေ့ရှိကြသည်။ အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း၏အရောင်ဖြစ်ပြီး ခင်မင်ရင်းနှီးမှု၊ လစန္ဒာ၊ တနင်္လာနေ့နှင့် မိဿနာရီကို ကိုယ်စားပြုသည်။ တောက်ပသောအဖြူရောင်သည် အသွင်ပြောင်းခြင်း၊ အေးချမ်းသောအသံနှင့် စိတ်တည်ငြိမ်စေခြင်းတို့ကို ကိုယ်စားပြုသည်။ အဖြူရောင်ဟာ နတ်ဘုရားမတို့ရဲ့အရောင်ဖြစ်ပြီး များသောအားဖြင့် နတ်ဘုရားများကိုကောင်းချီးပေးခြင်းနှင့် ကောင်းချီးပေးမှုတို့ကို ခံယူသောနေရာမှာအသုံးပြုကြသည်။
ပါဝင်သောပညာရပ်များ.....
ဒီပညာရပ်များသည် အခမ်းအနားဖြင့် ပြုလုပ်ရသော ပညာရပ်တွေသာ ပါဝင်သည်။
0 comments :
Post a Comment