'မြန်မာပြည်၏ပထမဦးဆုံး မှော်ပညာသင်ကြားရေးကျောင်းတော်ရဲ့ တရားဝင်ဆိုဒ် ဖြစ်ပါသည်။'

(၄) စိတ်ပညာသင်ကြားရေးဌာန (စိမ်းပြာရောင်အဆင့်)

ထူးဆန်းလှသော စိတ်ပညာလောကကြီးမှ ကြိုဆိုပါသည်။ အခြေခံကျသော စိတ်ပညာပုံစံတစ်ခုကတော့ တရားထိုင်ခြင်းဆိုတာတော့ သိမှာပေါ့။ မှော်ပညာလောကကြီးနဲ့ ချိတ်ဆက်ပေးနိုင်တာလည်း ဒီလိုပညာရပ်ပဲ မဟုတ်ပါလော။ စိတ်ပညာရပ်လို့ ပြောလိုက်ကတည်းက တော်တော်များများကို ရှင်းပြပေးစရာတော့ လိုလိမ့်မယ် မထင်ပါဘူး။ စိတ်နှင့်ပတ်သက်တဲ့ အတတ်ပညာမျိုးစုံပါဝင်ပါတယ်။ စိတ်ညို့နည်း ၊ စိတ်ဖြင့်အရာဝတ္ထုများကို ရွေ့နိုင်တဲ့ပညာရပ်တွေ အကုန်လုံး ပါဝင်ပါသည်။ စိတ်အတတ်ပညာမြင့်တတ်နိုင်ရန်အတွက် သေသေချာချာလေ့ကျင့်ပေးမှာပဲ ဖြစ်ပါသည်။ စိမ်းပြာရောင်သည် တရားထိုင်ခြင်း ၊ စိတ်ပညာဖြင့်ပတ်သက်တဲ့အရာများကို နှိုးဆခြင်းစတဲ့ စိတ်မှော်ပညာကို ရည်ညွန်းထားပါတယ်။ သောကြာနေ့ နှင့် ဗီးနပ်နဲ့လည်း ပတ်သတ်မှုရှိတဲ့အရောင်ဖြစ်သလို အေးချမ်းခြင်း ၊ ငြိမ်းချမ်းကိုလည်း ဖြစ်စေနိုင်သော အရောင်ဖြစ်သည်။

ပါဝင်သောပညာရပ်များ
(၁) စိတ်ညို့နည်း
(၂) ၀ိညာဉ်လွှင့်ခြင်းပညာရပ်
(၃) ချက္ကရအသုံးချတတ်ခြင်းပညာရပ်
(၄) ကိုယ်ခံပညာ(သိုင်းပညာရပ်) - သင်ပေးမပေး စီစစ်တုန်း
(၅) အိမ်မက်ပညာရပ်
(၆) စိတ်ဖြင့်သက်ဆိုင်သောပညာရပ်အကုန်လုံး ပါဝင်ပါသည်။

1 comments :

 

© 2014 Copyright Kamawna Academy of Magick (KAM): (၄) စိတ်ပညာသင်ကြားရေးဌာန (စိမ်းပြာရောင်အဆင့်) All Rights Reserved. | Designed And Developed By