လက်တွေ့ဆန်လှသော သိပ္ပမှော်ပညာကမ္ဘာမှကြိုဆိုပါသည်။ ဤဌာနသည် မှော်ပညာဆိုင်ရာသိပ္ပံအတတ်ပညာနှင့်သိပ္ပွံပညာဆိုင်ရာမှော်ပညာရပ်များပါဝင်သည်။ ယခုဌာနနှင့်ဆက်နွယ်မှုရှိသော ပညာရပ်များမှာ စိတ်ပညာ၊ ဘဝတစ်ကွေ့မှတ်ဖွယ်မှတ်ရာ သိပ္ပံပညာ၊ အသိပညာပါဝင်လာသောနည်းပညာဖန်တီးခြင်းများစသည်တို့ပင်ဖြစ်ပေသည်။
ဤဌာနမှ သင်ကြားမှုများသည် သိပ္ပံနှင့်ပတ်သက်သော သီအိုရီများနှင့် ဥပဒေသများကို လေ့လာရမည် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဆိုရရင်တော့ ရူပဗေဒအခြေခံများနှင့် မြင့်တက်လာသော အဆင့်မြင့်ရူပဗေဒပညာရပ်များ ပါဝင်သည်။ ဒါပေမယ့် ကျွန်တော်တို့ ငယ်စဉ်က သင်ကြားခဲ့သော ရူပဗေဒပုံစံမျိုးမဟုတ်ဘဲ မှော်ပညာနှင့်ဆက်စပ်တဲ့ ရူပဗေဒပညာရပ်များကို အထူးပြုသင်ကြားပေးမှာပဲ ဖြစ်ပါသည်။
သိပ္ပမှော်ပညာဌာနကို ကိုယ်စားပြုသော အနီရောင်သည် လူသားနှင့်တိရစ္ဆာန်များကို အထောက်အပံ့ပေးနေသည့် ရူပဗေဒဆိုင်ရာလုပ်ငန်းဆောင်တာများကို ကိုယ်စားပြုထားသည်။ အနီသည် ပါဝါ၏အရောင်ဖြစ်သည်။ မားစ်ဂြိုဟ် ၊ အဂါင်္နေ့ ၊ မေထုန်ရာသီ ၊ ပထမချက္ကရကို ကိုယ်စားပြုသည်။ မီး၏အရောင်ဖြစ်ပြီး စိတ်ဆိုးခြင်း၊ ရဲရင့်ခြင်း၊ သန့်စင်ခြင်း၊ ပြင်းထန်သောဂီတသံများ၊ မိုးကြိုးများကဲ့သို့သော ပြင်းထန်သောလှုပ်ရှားမှုများ၊ ခံစားချက်များကိုကိုယ်စားပြုပေသည်။ အနီရောင်ကို ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး၊ ထာဝရတည်မြဲမှု၊ ရှေ့ဖြစ်ဟောချက်များမှန်ကန်စေမှု၊ သြဇာသက်ရောက်စေမှုတို့တွင် အဓိကထားအသုံးပြုကြသည်။
ပါဝင်သောပညာရပ်များမှာ.....
(၁) ကွမ်တန်သီအိုရီ
(၂) ဓာတုဗေဒ
(၃) ရူပဗေဒ
(၄) မှော်ပညာနှင့်သက်ဆိုင်သောသိပ္ပံပညာရပ်များ ပါဝင်သည်။
0 comments :
Post a Comment