မှော်ပညာကမ္ဘာ့ထဲသို့ စတင်ဝင်ရောက်လာသည့်အတွက် အားလုံးကို ကြိုဆိုနေပါသည်။ ဒီဌာနသည် ကျောင်းသား/သူများအတွက် စတင်ဝင်ရောက်ရမဲ့ ဌာနဖြစ်သလို ဒီဌာနကနေ ကျောင်းသား/သူများကို မှော်ပညာအကြောင်း နှင့် ထူးဆန်းလှသော မှော်လောကအကြောင်းကို စတင်မိတ်ဆက်ပေးပါမည်။ မှော်ပညာဆိုတာ ဘာမှန်းဆိုတာသရှိရန်အတွက် မှော်ပညာအခြေခံမူဝါဒများ နှင့် အခြေခံအကြောင်းတရားများကို ရှင်းလင်းပြသသွားမှာပဲ ဖြစ်ပါသည်။ နောက်ပီး မှော်ပညာဆိုတာ ဘယ်လိုမျိုးထူးဆန်းတာတွေ ဖြစ်နိုင်လဲဆိုတဲ့ ပုံစံငယ်လေးတွေကိုလည်း လေ့လာရမှာပဲ ဖြစ်ပါသည်။ ဒီဌာနသည် သင်ကြားဖို့အတွက် ဘာသာရပ်အများအပြားပါရှိသည်။ ကျောင်းသားတစ်ယောက်ချင်းစီ၏ ခံနိုင်မှုအပေါ်တွင် မူတည်ပီး ဘာသာရပ်နည်းကောင်းနည်းမည် (သို့) များကောင်းလည်း များမည် ဒါကိုတော့ အရင်ဆုံးသိရှိပြီးသား ဖြစ်ရပါမည်။ ခရမ်းရောင်အဆင့်တွင် ပြုလုပ်ခိုင်းသော မည်သည့်လုပ်ငန်းဆောင်တာမဆို ဆောင်ရွက်ထားရမည်။ သို့မဟုတ်ပါက နောက်ပိုင်းတွင် ကြီးမားလှသော စွမ်းအင်ရိုက်ခတ်မှုများကို ခံနိုင်မည် ဖြစ်ပေသည်။
အခြေခံအဆင့်ကို ခရမ်းရောင်ဟု သုံးနှုန်းထားခြင်းမှာ ခရမ်းရောင်သည် သိမြင်နားလည်ခြင်း ၊ စိတ်ကူးယဉ်ခြင်း ၊ အထင်အမြင်မှားခြင်း နှင့် ဖုံးကွယ်ထားသောအရာကို မြင်နိုင်သောစွမ်းရည်ဟူသော အကြောင်းအရာများဟု အဓိပ္ပာယ်ရသည်။ နောက်တစ်ဘက်မှာ ကြည့်မယ်ဆိုပါကလည်း အခြေခံစနစ်ဟု ဆိုလိုသည်။ မှော်ပညာမှာဆိုရင်တော့ မှော်ပညာရဲ့အခြေခံအရောင်ကို ဆိုလိုသည်။ ခရမ်းရောင်ကို အဆင့်မြင့်တင်လိုက်သောအခါ ခရမ်းလွန်အရောင်သည်လည်း အရောင်မှော်ပညာ၏အစဟု ပြောဆိုနိုင်သည်။ ကြယ်များ ၊ လများ နှင့် နက္ခတ်တာရာအမှတ်သင်္ကေတများ ပါဝင်သော မှော်ဝတ်ရုံတွေမှာတော့ လူသိများတဲ့အရောင်လည်း ဖြစ်သည်။ ခရမ်းရောင်သည် ပညာရှိမှု ၊ ကိုယ့်ဘာသာသိမြင်မှု ၊ ၀ိညာဉ်ပိုင်းဆိုင်ရာ ယုံကြည်သက်ဝင်မှု နှင့် ထူးဆန်းသောပညာရပ်များစုစည်းမှု ကို ကိုယ်စားပြုထားသည်။
အခြေခံမှော်ပညာဖြင့် မိတ်ဆက်ထားခြင်းဖြစ်ပီး မည်သည်နိုင်ငံသားမဆို နားလည်အောင် စီစဉ်ထားပြီး မြန်မာနိုင်ငံတွင် အမှန်တကယ်တည်ရှိခဲ့သော မှော်မျိုးနွယ်(၇)စုတို့၏ အခြေခံမှော်ပညာ ၊ အနောက်တိုင်းမှော်ပညာတို့၏ အခြေခံမှော်ပညာ ၊ အရှေ့တိုင်းမှော်ပညာတို့၏ အခြေခံမှော်ပညာများကို သင်ကြားပေးမည် ဖြစ်ပါသည်။ အဝေးသင်သင်ကြားမှုမျိုး ဖြစ်တာကြောင့် ပြုလုပ်ရမည်ဖြစ်သော အခြေခံအကြောင်းအရာများကို စနစ်တကျ မပျက်မကွက် လုပ်ဆောင်ရမည် ဖြစ်ပီး ပုံမှန်လေ့ကျင့်ခန်းများကိုလည်း ပြန်လည်ပေးပို့ပေးရမည် ဖြစ်ပေသည်။ မိမိတစ်ယောက်အသုံးမကျခဲ့ပါက မိမိပါဝင်ခဲ့သော အဖွဲ့တစ်ခုခုတွင် အမှတ်လျှော့မည် ဖြစ်တာကြောင့် ကြိုးစားစေလိုပါသည်။ မှားမှာဆိုလို့မကြောက်ပါနဲ့။ မှန်လာပါလိမ့်မည်။ မိမိသည် ဘာမှမတတ်မြောက်နိုင်ဘူးဟု မတွေးတောပါနှင့် မိမိသည် လူသားဖြစ်လာကတည်းက ပညာရပ်တစ်ခုမဟုတ် တစ်ခုကို တတ်မြောက်ဖို့ လူသားဖြစ်လာခြင်းပင် ဖြစ်သည်။
ပါဝင်သည့်ပညာရပ်တွေကတော့...
(၁) အခြေခံပစ္စည်းများကို အသုံးပြုတတ်ခြင်းပညာရပ်
(၂) အရောင်မှော်ပညာ
(၃) မှော်ပညာသမိုင်းကြောင်း
(၄) လက်တွေ့လေ့ကျင့်ခန်း
(၅) တတိယမျက်လုံးဖွင့်ခြင်းပညာရပ်
(၆) အခြေခံအကြောင်းအရာများနှင့်ပတ်သက်သောပညာရပ်
အရမ်ကြိုက်တယ်
ReplyDeleteUnicode နဲ့တင်ပေးပါလား
ReplyDeleteကျနော်အခုသင်ချင်လို့ပါဗျ.
ReplyDeleteမှော်ပညာသင်ခြင်လို့ပါဗျ
Delete