နိမိတ်များနဲ့ လောကကြီးကနေ အမြင်များစွာဖြင့် ကြိုဆိုနေပါသည်။ ဒီဌာနသည် ဟောပြောခြင်းနှင့်သက်ဆိုင်သော ပညာရပ်များကို သင်ကြားပေးသောဌာန ဖြစ်ပေသည်။ သဘာဝလွန်အမြင်ဓာတ်များကို ရရှိထားတဲ့သူကို မှော်အတတ်ပညာရှင်ဟု မသတ်မှတ်နိုင်ပေမယ့် မှော်အတတ်ပညာရှင်တွေကတော့ သဘာဝလွန်အမြင်ဓာတ်များကို ရရှိထားသူတွေ ဖြစ်ပါသည်။ ရှေးဟောင်းလူသားများသည် ဟောပြောခြင်းအတတ်ပညာများဖြင့် မိမိတို့၏စိတ်တွေကို နှိုးဆထားကြသည်။ ရှေးဟောင်းနှင့်ပတ်သက်သော ကဏ္ဍမျိုးစုံတွေမှာ နိမိတ်ဖတ်သူ ၊ အမြင်ဓာတ်ရရှိသူ ၊ ပုရောဟိတ်ကြီးများစွာကို ကျွန်တော်တို့ သိရှိခဲ့ပြီးပြီ ဖြစ်ပါလိမ့်မည်။ ပုံမှန်မဟုတ်သော အိပ်မက်များ၊ အာရုံများမှတစ်ဆင့် ကျွန်ုပ်တို့၏အတတ်ဟောပညာကိုအသုံးချကြပြီး ထိုအရာတို့ကိုပင်ကြည့်၍ နိမိတ်ကောင်းသည်။ နိမိတ်ဆိုးသည်။ စသဖြင့်ဟောပြောကြပေသည်။ နှစ်ပေါင်းများစွာကြာမြင့်လာသောအခါဝယ် အကြားအမြင်ပညာရှင်များသည် အတတ်ဟောပညာနှင့်ပတ်သတ်သော နည်းစနစ်များ၊၊ ပညာရပ်များစွာကိုတီထွင်ခဲ့ကြသည်။
ဤဌာန၏ အဓိကရည်မှန်းချက်မှာ အတတ်ဟောပညာ၊ အကြားအမြင်ဆိုင်ရာပညာရပ်များနှင့်ပတ်သတ်သောစွမ်းရည်များကို စိစစ်မြှင့်တင်ပေးနိုင်စေရန်၊ အတတ်ဟောပညာလိုက်စားဆဲသူကို အကြားအမြင်ဆိုင်ရာစွမ်းအင်သာမက အတတ်ဟောပညာနှင့်ဆက်စပ်၍ အခြားအရာများကိုပါ အကျိုးရှိရှိအသုံးချတတ်စေရန်တို့ဖြစ်ကာ ရူနေး၊ တားရော့၊ အိပ်မက်နိမိတ်ဖတ်ပညာ၊ အနာဂတ်ပုံရိပ်အမြင်ပညာရပ်၊ ဂဏန်းဗေဒင်ပညာရပ်စသော အတတ်ဟောပညာရပ်ပိုင်းဆိုင်ရာ သင်ကြားသော ကျောင်းသားများအတွက်ရည်ရွယ်ချမှတ်ထားပါသည်။
္ပဤဌာနကို ကိုယ်စားပြုသောအဓိကအရောင်မှာ လေဓာတ်ကိုကိုယ်စားပြုသော အဝါရောင်ဖြစ်သည်။ အဝါရောင်သည် စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သတ်သောပညာရပ်များ၊ စိတ်စွမ်းအားများ၊ ရှေ့ဖြစ်ဟောခြင်းများ၊ စိတ်လမ်းကြောင်းပညာရပ်များနှင့် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်ခြင်းများနှင့်ပတ်သတ်ဆက်နွယ်မှုရှိပေသည်။ အဝါရောင်သည် ပြိဿနက္ခတ်နှင့်သက်ဆိုင်သော ဗုဒ္ဓဟူးဂြိုဟ်နှင့် တတိယချက္ကရာ(အသက်ချက္ကရာ) ကိုလည်းကိုယ်စားပြုသည်။ ရွှေဝါရောင်သည် အဆောင်လက်ဖွဲ့ပစ္စည်း၊ ယုံကြည်မှု၊ နွေရာသီ၊ စူးရှသောအသံစွမ်းအင်နှင့် စည်းချက်သံမြင့်သောသီချင်းသံစဉ်တို့ကို ကိုယ်စားပြုသည်။ အဝါဖျော့ရောင်သည် နွေဦးရာသီ၊ စိတ်ပိုင်းဆိုင်ရာဆန်းသစ်နိုင်မှုနှင့် တီထွင်ဖန်တီးနိုင်မှုစွမ်းရည်ကို ကိုယ်စားပြုသည်။ အဝါရောင်သည် တရားမျှတမှု၊ ကိုယ်ပိုင်စူးစမ်းလေ့လာချဲ့ထွင်မှု၊ အတတ်ဟောမှုနှင့် ဖန်တီးမှုစွမ်းရည်တို့ကို တိုးတက်အောင်လုပ်ဆောင်ပေးနိုင်ရန် အင်အားကြီးမားစွာ ထောက်ပံ့ပေးထားသောအရောင်ဖြစ်သည်။ ထို့ကြောင့်အဝါရောင်ကို စိတ်စွမ်းအင်နှင့်ပတ်သတ်သောထူးခြားမှုများ၊ တည်ငြိမ်အေးချမ်းသောနေရာများနှင့် တစ်ဦးဦး၏သက်ရောက်မှုမရှိဘဲ ပြောင်းလဲလှုပ်ရှားနေသောနေရာများတွင် တွေ့ရလေ့ရှိသည်။
ပါဝင်သောပညာရပ်များ......
(၁) ဓာတ်ဖန်လုံးဖြင့် အနာဂတ်ကိုဟောပြောခြင်းပညာရပ်
(၂) အမြင်ဓာတ်ဖြင့် ဟောပြောခြင်းပညာ
(၃) ကဒ်များကို အသုံးပြုပြီး ဟောပြောခြင်းပညာ
(၄) အိမ်မက်နိမိတ်ဖတ်ပညာရပ်
(၅) သဘာဝဆိုင်ရာအခြင်းအရာများကို အသုံးပြုပြီး ဟောပြောခြင်းပညာရပ်
(၆) လက်ဖက်ခြောက်ကြည့် ပညာရပ်
(၇) အနာဂတ်ကို ဟောပြောခြင်းပညာရပ်များ ပါဝင်သည်။
0 comments :
Post a Comment